မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၂/၂၀၂၆) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ (၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
Jul 15, 2026
ကာတာနိုင်ငံ လက်ရှိဘုရင်၏ ဖခမည်းတော်နှင့် ဘုရင်ဟောင်းဖြစ်သူ His Highness Sheikh Hamad bin Khalifa AI Thani သည် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းက အင်းလျားမြိုင်လမ်း ရွှေတောင်ကြား (၁) ရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် တက်ရောက်လက်မှတ်ရေးထိုးသည်။
Jul 15, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Jul 15, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၃) ရုံးပရဝဏ်ရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။
Jul 15, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Brady နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 15, 2026
၂၀၂၆ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာ မဟာမိတ်နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ Hyatt Place Hotel ခန်းမဆောင်တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
Jul 15, 2026
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 15, 2026
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 15, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၃ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့သည်။
နောက်ဆုံးရသတင်းများ
Jul 15, 2026Latest News
မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၂/၂၀၂၆) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ
Jul 15, 2026Latest News
ကာတာနိုင်ငံ လက်ရှိဘုရင်၏ ဖခမည်းတော်နှင့် ဘုရင်ဟောင်းဖြစ်သူ His Highness Sheikh Hamad bin Khalifa AI Thani သည် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား စီးပွားရေ
Jul 15, 2026Latest News
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အ
Jul 15, 2026Latest News
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၃) ရုံးပရဝဏ်ရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။
Jul 15, 2026Latest News
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Brady နှင့် ကိုယ်စားလှယ်အ
ဆောင်းပါးကဏ္ဍ
Jul 14, 2026“ရွှေချည်၊ ငွေချည်” ဟု တင်စားသည့် မြန်မာ့ဝါသည် စိုက်ပျိုးတောင်သူများကို အကျိုးပြုလျက်ရှိသည့် ဝင်ငွေရသီးနှံတစ်ခု။ စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံအတွက် ဝါသည် ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် သီးနှံတစ်ခုလည်းဖြစ်သည်။ လက်ရှိကမ္ဘာ့အထည်အလိပ်ဈေးကွက်ရှိ အထည်အလိပ် အမှတ်တံဆိပ်များသည် သဘာဝပတ်ဝန်းကျင်မပျက်စီးစေဘဲ စိုက်ပျိုးထားသည့် အော်ဂဲနစ်ဝါဂွမ်းများကို ပိုမိုတောင်းဆိုကြချိန် ဖြစ်သည့်အတွက် မြန်မာ့ဝါအတွက် အလားအလာကောင်းများစွာရှိနေသည်။ ထို့ကြောင့် ပြည်ပပို့ကုန်သီးနှံမြန်မာ့ဝါဖွံ့ဖြိုးမှုအတွက် ရှေ့တစ်လှမ်းတက်ရမည့်အချိန်အခါ ဖြစ်လာသည်။
Jul 13, 2026မိမိတို့နိုင်ငံ၌ တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်တစ်ခုလုံးကို ပညာရေးဝန်ကြီးဌာနကဗဟိုပြု၍ စနစ်တကျ စီမံခန့်ခွဲပေးခြင်းဖြစ်ပြီး အဓိကပင်မဝင်ခွင့်လမ်းကြောင်းမှာ အမျိုးသားအဆင့်တက္ကသိုလ်ဝင်တန်းစာမေးပွဲပင် ဖြစ်ပါသည်။ ယင်းစာမေးပွဲသည် ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာ ထူးချွန်မှုအပေါ်မူတည်၍ နိုင်ငံတစ်ဝန်းရှိ သီးခြားဘာသာရပ်အသီးသီးအလိုက် ဝင်ခွင့်အမှတ်ပိုင်းဖြတ်မှုများဖြင့် စနစ်တကျ အဆုံးအဖြတ်ပေးခြင်းဖြစ်ပါသည်။
Jul 13, 2026မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များ ပို့ကုန်ကဏ္ဍတွင် ရော်ဘာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းလုပ်ငန်းသည် အဓိကကျသော ပို့ကုန်ကဏ္ဍတစ်ခုဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော ရော်ဘာသီးနှံသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ရာသီဥတုအခြေအနေအပေါ်မူတည်၍ စနစ်တကျပြစုစောင့်ရှောက်ရန် လိုအပ်သည်။
Jul 13, 2026ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ်မူတည်၍ တိုးတက်နေပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေး ပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
Jul 12, 2026မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) သို့ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ကတည်းက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် (ကွန်ဗင်းရှင်း ၈၇)၊ အဓမ္မခိုင်းစေမှုပပျောက်ရေး (ကွန်ဗင်းရှင်း ၂၉)၊ အလုပ်လုပ်ကိုင်နိုင်သည့် အငယ်ဆုံးအသက်သတ်မှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် (၁၃၈) နှင့် ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ (ကွန်ဗင်းရှင်း ၁၈၂) အပါအဝင် အခြေခံကျသည့် နိုင်ငံတကာအလုပ်သမားရေးရာ ကွန်ဗင်းရှင်းပေါင်း ၁၉ ခုကို အတည်ပြုလက်ခံကာ လိုက်နာကျင့်သုံးလျက်ရှိသည်။
Jul 12, 2026ယနေ့ကမ္ဘာတွင် လူဦးရေတိုးပွားလာမှုနှင့်အတူ စက်မှုကဏ္ဍသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာရာ စွမ်းအင်လိုအပ်ချက်မှာ ယခင်ကထက် အဆမတန်မြင့်မားလျက်ရှိပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လူသားတို့သည် ကျောက်မီးသွေးနှင့် ရေနံကဲ့သို့သော ရုပ်ကြွင်းလောင်စာများကို ဆယ်စုနှစ်ပေါင်းများစွာ အားကိုးခဲ့ကြသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ယခုအခါ ကမ္ဘာကြီးသည် “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်” (Renewable Energy) ကို အသုံးချ၍ စွမ်းအင်ထုတ်လုပ်သည့်စနစ်သို့ အလေးအနက် ဦးတည်ပြောင်းလဲလာပြီဖြစ်ပါသည်။
