လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမအတွင်း မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှု၊ မြို့နယ်အဆင့်ငါးဦးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရေး လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ် ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကတ် ကောက်ယူဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်သည်။
Jul 09, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဟားခါးမြို့ ပြည်ထောင်စုရိပ်သာရှိ အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Jul 09, 2026
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-13) ရှိ ပညာရေးမြှင့်တင်မှု ကော်မတီဝင်များနှင့် တွေ့ဆုံသည်။
Jul 09, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jul 09, 2026
အခြေခံစားကုန်၊ လူသုံးကုန်များသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၌ အရေးအကြီးဆုံးအချက်ဖြစ်သည်။ ယင်းသည် နိုင်ငံအတွင်း၌ နေ့စဉ်နှင့်အမျှ ပြည်သူလူထုလိုအပ်ချက်အဖြစ်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများတွင် အခြေခံစားကုန်များဖြစ်သည့် အသား၊ ငါးနှင့် မီးဖိုချောင်သုံးသီးနှံများမှာ ဈေးကွက်လိုအပ်ချက်အရ အများအပြားရှိနေသည်။ သို့ဖြစ်၍ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဈေးကွက်များသို့ တင်ပို့ရောင်းချကြရမည်ဖြစ်သည်။ သို့သော် အချို့သော လမ်းကြောင်းများနှင့် ဝေးလံသောဒေသများ၌ လုံခြုံရေးအကန့်အသတ်များကြောင့် အပြည့်အဝတင်ပို့၊ တင်သွင်းနိုင်ခြင်းမရှိသေးပေ။ အဆိုပါအချက်သည် ဈေးကွက်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အဓိကအဟန့်အတားဖြစ်နေသည်။
Jul 09, 2026
နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ပို့ကုန်များ အရေအတွက်များများ ထုတ်လုပ်နိုင်ရန်လိုကြောင်း ဇူလိုင် ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
Jul 08, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၃၉ ဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Jul 08, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၆ ထပ် အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jul 08, 2026
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၂၆ ခုနှစ်)
နောက်ဆုံးရသတင်းများ
Jul 09, 2026Latest News
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမအတွင်း
Jul 09, 2026Latest News
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဟားခါးမြို့ ပြည်ထောင်စုရိပ်သာရှိ အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်အတွင်း ပြန်လည်
Jul 09, 2026Latest News
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-13) ရှိ ပညာရေးမြှင့်တင်မှု ကော်မတီဝင်များနှင့် တွေ့ဆုံသည်။
Jul 09, 2026Latest News
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မ
Jul 09, 2026Latest News
အခြေခံစားကုန်၊ လူသုံးကုန်များသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၌ အရေးအကြီးဆုံးအချက်ဖြစ်သည်။ ယင်းသည် နိုင်ငံအတွင်း၌ နေ့စဉ်နှင့်အမျှ ပြည်သူလူထုလိုအပ်ချက်အဖြစ်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများတွင် အခြေခံစားကုန်များဖြစ်သည
ဆောင်းပါးကဏ္ဍ
Jul 08, 2026မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသများ၌ ပြည်သူ့ကျန်းမာရေးကို နေ့စဉ်နှင့်အမျှ ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသော အင်းဆက်ပိုးမွှားများတွင် ယင်ကောင်နှင့် ခြင်များသည် အဓိကအတားအဆီးများဖြစ်ကြ၏။
Jul 08, 2026ဒုတိယအကြိမ်မြောက် အိတ်ဖွင့်ပေးစာတစ်စောင် ထပ်မံပေးပို့အပ်ပါတယ်။ ပထမအကြိမ် ပေးစာထဲမှာ မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့ (Ms. Julie Bishop) ရဲ့ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တွေကို ပွင့်လင်းစွာထောက်ပြအသိပေးခဲ့ပါတယ်။ ယခု ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ဖို့အတွက် အကြံပြုတိုက်တွန်းတဲ့စာဖြစ်ပါတယ်။
Jul 07, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ပါသည်။ လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အာဆီယံနိုင်ငံများတွင် ပထမဆုံးသွားရောက်ခဲ့သည့်ခရီးစဉ် ဖြစ်ပါသည်။
Jul 07, 2026ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးသည့် အခြေခံအင်အားဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ပါသည်။ ယနေ့ကမ္ဘာတွင် ပညာရေး၏အောင်မြင်မှုကို စာမေးပွဲအောင်ချက် သို့မဟုတ် အမှတ်ကောင်းရရှိမှု တစ်ခုတည်းဖြင့် တိုင်းတာခြင်းမဟုတ်တော့ဘဲ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ သင်ယူသူ၏ စွမ်းဆောင်ရည်နှင့် စစ်ဆေးအကဲဖြတ်မှုတို့ အပြန်အလှန်ညီညွတ်မျှတစွာ ချိတ်ဆက်လည်ပတ်နိုင်မှုကို အရေးပါသော အရည်အသွေးညွှန်းကိန်းတစ်ရပ်အဖြစ် ပိုမိုအလေးထားလာကြပါသည်။
Jul 07, 2026လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် လွန်ပရာဘန်မြို့သို့ ခရီးဆက်ကြရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရုံးဝန်ကြီး ဦးဆောင်သည့် လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပို့ဆောင်နှုတ်ဆက်ကြသည်။
Jul 06, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယနေ့ခရီးစဉ်တွင် လာအိုအသေးစား၊ အငယ်စားစက်မှုလုပ်ငန်း Phonthong Handicrafts Cooperation and Cama Crafts နှင့် Patuxai (Victory Gate) သို့ သွားရောက်လေ့လာခဲ့ပြီး ဗီယင်ကျန်းမြို့ရှိ ထက်လွမ်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများကို တွေ့ဆုံခဲ့သည်။
