ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ကော်မတီအဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးမြို့တော်ဝန်တို့က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
May 22, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနုပညာရှင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
May 22, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
May 22, 2026
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက် ရှိသည့်ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) များကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်၍ မြို့ရွာများအား အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ပြီး အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ အကြမ်းဖက်သမားများကြောင့် ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရ အုပ်ချုပ်မှုယန္တရားများ ပြန်လည် လည်ပတ်ကာ ဒေသခံပြည်သူလူထု၏ လူမှု၊ စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်ဖော်ဆောင်ပေးနိုင်ရေး၊ စားသောက်နေထိုင်မှု အဆင်ပြေစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် လက်တွဲဆောင်ရွက်ပေးလျက်ရှိသည်။
May 22, 2026
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာပါဝင်စာရင်းပေးခဲ့သော ပြည်သူ့စစ်မှုထမ်းများကို သင်တန်းအမှတ်စဉ်များအလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အဆိုပါ နိုင်ငံ့သားကောင်းရတနာများသည် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိကြသည်။
May 22, 2026
“၂၀၂၆-၂၀၂၇ ပညာသင်နှစ်” မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်
May 22, 2026
“၂၀၂၆-၂၀၂၇ ပညာသင်နှစ်” ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ
May 22, 2026
နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့
နောက်ဆုံးရသတင်းများ
May 22, 2026Latest News
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်က
May 22, 2026Latest News
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်
May 22, 2026Latest News
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအ
May 22, 2026Latest News
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက် ရှိသည့်ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) များ
May 22, 2026Latest News
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်မ
ဆောင်းပါးကဏ္ဍ
,
May 22, 2026မြူနီစီပယ်စနစ် (စည်ပင်သာယာရေး) ဆိုသည်မှာ ပြည်သူတို့၏နေ့စဉ်ဘဝ သာယာချောမွေ့စေရန် လိုအပ်ချက်များကို စနစ်တကျ ဖြည့်ဆည်းပေးရသည့် အဖွဲ့အစည်းအဖြစ် စတင်ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ လူသားတို့သည် ကမ္ဘာဦးကာလမှစ၍ တစ်ဦးချင်း သီးခြားနေထိုင်ခြင်းထက် အုပ်စုအလိုက် စုပေါင်းနေထိုင်ခြင်းကိုသာ ရွေးချယ်ခဲ့ကြပါသည်။ ထိုသို့စုပေါင်းနေထိုင်ခြင်းမှတစ်ဆင့် ကျေးရွာ၊ မြို့ပြနှင့် နိုင်ငံများ ပေါ်ပေါက်လာခဲ့ပြီး တစ်ဦးချင်း မဖြေရှင်းနိုင်သော အများနှင့်ဆိုင်သည့် လိုအပ်ချက်များပေါ်ပေါက်လာပါသည်။ လူဦးရေ ထူထပ်လာသည်နှင့်အမျှ ရေ၊ မြေနှင့် လမ်းမကြီးများကဲ့သို့သော အများပိုင်အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲရန် လိုအပ်လာပါသည်။
May 22, 2026လေအဝှေ့တွင် ပိတောက်ရနံ့တို့က သင်းပျံ့ချိုအီနေသည်။ မိုးလေးတစ်ဖြိုက်နှစ်ဖြိုက် ရွာသွန်းဖြိုးသည်နှင့် ပန်းပိတောက်တို့သည် ပင်လုံးကျွတ်မျှ ဝေဆာပွင့်ဖူးလာသည်။ မကြာမီ မိုးဖြိုင်ဖြိုင်ရွာတော့မည်။ ပန်းကလေးများပွင့်တော့မည်။ ကျောင်းဖွင့်ရာသီရောက်တော့မည်။ အဖြူနှင့်အစိမ်း တူညီကျောင်းဝတ်စုံဝတ်ဆင်၍ ကျောင်းတက်လာကြသော ရင်သွေးငယ်များကို ကြည်နူးဖွယ်ရာ မြင်တွေ့ကြရတော့မည်။
May 21, 2026“ပညာသင်ယူခွင့်ရရှိရေး”သည် နိုင်ငံသားတိုင်း၏ မွေးရာပါအခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ အတန်းပညာရှိမှ အသိပညာ၊ အတတ်ပညာ ပြည့်စုံကြွယ်ဝပြီး အတွေးအခေါ်မြင့်မားမည်ဖြစ်ရာ “ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး” သည် ပညာသင်ယူမှု၏ ပထမခြေလှမ်းဖြစ်သည်။ ထိုမှတစ်ဆင့် စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး သင်ယူမှုပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများကြောင့် ကလေးများ၏ ပညာသင်ယူမှုတွင် အဟန့်အတားများ ဖြစ်ခဲ့ရသည့်အတွက် ကျောင်းမှထွက်ခွာ၍ ပြင်ပသို့ရောက်ရှိနေသော ကျောင်းနေအရွယ်ကလေးများ အရေအတွက် များစွာရှိနေပြီး ပညာရေးနှင့် အလှမ်းဝေးနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရပါသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကုန်ကြမ်း ဝါသီးနှံထုတ်လုပ်မှုအကျိုးအမြတ်အား လေ့လာခြင်းMay 21, 2026မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကိုမြှင့်တင်ပြီး ပြည်ပပို့ကုန်ပိုမိုတင်ပို့ရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်ရေးတို့ကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။
May 20, 2026ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
May 20, 2026၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံအစီအစဉ်၏ ဒုတိယအကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းကိစ္စရပ်များကို ပိုမိုနားလည်သဘောပေါက်စေရန်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ နှစ်စဉ် မေလ ၂၂ ရက်နေ့အား “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။
