မြန်မာ့အလုပ်အကိုင်ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အခွင့်အလမ်းများပြပွဲ (၂၀၂၆ ခုနှစ်) ဖွင့်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်း Recreation Centre ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Jul 13, 2026
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်ရှိ Yathar Cho Industry Co., Ltd. နှင့် Cho Cho Industry Ltd. တို့၏ အသင့်စားခေါက်ဆွဲခြောက်မျိုးစုံနှင့် ခေါက်ဆွဲခြောက်များ ထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Jul 13, 2026
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်း ကျယ်ပြန့်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးအကြံပြုကြရန် ဇွန် ၁ ရက်မှစတင်၍ နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံအစီအစဉ်များမှတစ်ဆင့် အသိပေးဖိတ်ခေါ်ထားသည်။
Jul 13, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ကိုးထပ်အဆောက်အအုံတစ်လုံးကို ထပ်မံ၍ စနစ်တကျဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jul 13, 2026
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းရှေ့၌ ကျင်းပသည်။
Jul 13, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ ခုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ဆေးရုံအဆောက်အအုံနှင့် ဆေးရုံဝင်းအတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ တက်ညီလက်ညီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ကြည့်ရှုပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
Jul 13, 2026
ကျန်းမာရေးဝန်ကြီးဌာန၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဇီရာရွှေပြည်လမ်းရှိ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၌ ကျင်းပသည်။
Jul 13, 2026
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် မေမြို့ထင်းကြိုးဝိုင်းအကွက်အမှတ် (၂) ၌ ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ စိန်ပန်းပြာပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Jul 13, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့မှ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအား မင်းဘူးမြို့သာသနာ့ဗိမာန်တော်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
နောက်ဆုံးရသတင်းများ
Jul 13, 2026Latest News
မြန်မာ့အလုပ်အကိုင်ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အခွင့်အလမ်းများပြပွဲ (၂၀၂၆ ခုနှစ်) ဖွင့်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်း Recreation Centre ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာ
Jul 13, 2026Latest News
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်ရှိ Yathar Cho Industry Co., Ltd. နှင့် Cho Cho Industry Ltd. တိ
Jul 13, 2026Latest News
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်း ကျယ်ပြ
Jul 13, 2026Latest News
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာ
Jul 13, 2026Latest News
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းရှေ့၌ ကျင်းပ
ဆောင်းပါးကဏ္ဍ
Jul 13, 2026ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ်မူတည်၍ တိုးတက်နေပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေး ပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
Jul 12, 2026မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) သို့ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ကတည်းက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် (ကွန်ဗင်းရှင်း ၈၇)၊ အဓမ္မခိုင်းစေမှုပပျောက်ရေး (ကွန်ဗင်းရှင်း ၂၉)၊ အလုပ်လုပ်ကိုင်နိုင်သည့် အငယ်ဆုံးအသက်သတ်မှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် (၁၃၈) နှင့် ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ (ကွန်ဗင်းရှင်း ၁၈၂) အပါအဝင် အခြေခံကျသည့် နိုင်ငံတကာအလုပ်သမားရေးရာ ကွန်ဗင်းရှင်းပေါင်း ၁၉ ခုကို အတည်ပြုလက်ခံကာ လိုက်နာကျင့်သုံးလျက်ရှိသည်။
Jul 12, 2026ယနေ့ကမ္ဘာတွင် လူဦးရေတိုးပွားလာမှုနှင့်အတူ စက်မှုကဏ္ဍသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာရာ စွမ်းအင်လိုအပ်ချက်မှာ ယခင်ကထက် အဆမတန်မြင့်မားလျက်ရှိပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လူသားတို့သည် ကျောက်မီးသွေးနှင့် ရေနံကဲ့သို့သော ရုပ်ကြွင်းလောင်စာများကို ဆယ်စုနှစ်ပေါင်းများစွာ အားကိုးခဲ့ကြသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ယခုအခါ ကမ္ဘာကြီးသည် “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်” (Renewable Energy) ကို အသုံးချ၍ စွမ်းအင်ထုတ်လုပ်သည့်စနစ်သို့ အလေးအနက် ဦးတည်ပြောင်းလဲလာပြီဖြစ်ပါသည်။
Jul 10, 2026တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေထွက်တဲ့ အချိန်က ကျောင်းသားလူငယ်အများစု ပျော်ရွှင်နေကြတာကိုတွေ့ရတော့ ကိုယ်တိုင်စာမေးပွဲအောင်သူ တစ်ယောက်လို အပျော်တွေ ကူးစက်ခဲ့ပါတယ်။
Jul 10, 2026ကမ္ဘာပေါ်ရှိ ဝါစိုက်ပျိုးသောနိုင်ငံအများစု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဝါစိုက်ပျိုးထုတ်လုပ်မှုအပေါ်တွင် များစွာမူတည်နေသည်။ ဝါထွက်ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ဝါသီးနှံတွင် ပိုးမွှားများမြောက်မြားစွာ ကျရောက်ခြင်းကြောင့်ဖြစ်သည်။
Jul 09, 2026ကမ္ဘာ့နိုင်ငံအသီးသီးသည် ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်မြောက်ခဲ့သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကမ္ဘာ့လူဦးရေနေ့သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူဦးရေနှင့်ပတ်သက်သည့် ပြဿနာများကို အရေးတကြီး ဖြေရှင်းနိုင်ရေးနှင့် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို လူသားအားလုံးအလေးဂရုပြု အာရုံစိုက်မိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
