ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက် တင်ပြ ခြင်းနှင့် ဘွဲ့လွန်ဆေးပညာ သင်တန်းများဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing စနစ် ဖြင့် ကျင်းပသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း စင်းလုံးငှားကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁ဝ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
လွတ်လပ်ရေးနေ့ဦးတည်ချက်နှင့်အညီ
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နေထိုင်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် (၇၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည် မှာ နှစ်ပေါင်းခုနစ်ဆယ် ကျော်ပြီဖြစ်သော်လည်း မျက်မှောက် ကာလ အခြေ အနေအားဖြင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အနှစ်သာရ၊ လွတ်လပ်ရေး၏ တာဝန် များကို အထူးသိရှိကြရန် လိုအပ်နေသောကာလ ဖြစ်သည်။
တရားမျှတ “လွတ်လပ်ခြင်းနှင့်မသွေ...
ယင်းလွတ်လပ်ရေးသည် မိမိအပါအဝင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတစ်ရပ်လုံး တိုင်းတစ်ပါး သား၏ လက်အောက်တွင် ကျွန်ဖြစ်နေရသည်ကို မခံမရပ်နိုင်ကြသော နိုင်ငံချစ်သူ မြန်မာ ပြည်သူ လူထု၏ စွန့်လွှတ်စွန့်စားမှု အမျိုးမျိုးဖြင့် အသက်သွေးချွေး စတေးမှုများစွာကို ရင်းနှီးပေးဆပ်ကြပြီး ရရှိခဲ့သည့် လွတ်လပ်ရေး ဖြစ်သည်။
ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်
နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၅ ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံး မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေသူများ၏ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးမျှော်လင့်ချက်နှင့် ငြိမ်းချမ်းရေးအတွက် နှစ်သစ်ဆုတောင်းစကား
မြန်မာနိုင်ငံ၏ ငြိမ်းချမ်ရေးဖြစ်စဉ်တွင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေသူများ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအတွက် နှစ်သစ်ဆုတောင်းစကားနှင့် ၂၀၂၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး မျှော်လင့်ချက်တို့နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။
နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ၏ ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်း
နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ၏ ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်း
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၁-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
(၃၀-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၄,၀၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၉၀) ဦး တွေ့ရှိရပါသည်။