ကော့သောင်း ဖေဖော်ဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ (၇၉)နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် သက်ကြီးဘိုးဘွားများအား အလှူဒါနပြုခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်အတွင်းရှိ (သီရိမြိုင်၊ရွှေဇင်ယော်၊ရွှေပြည်သာနှင့်အေးရိပ်ငြိမ်) ရပ်ကွက်တို့မှ အသက်(၁၀၀)ကျော် အဘွား(၅)ဦးနှင့် ကော့သောင်းမြို့၊ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား လှူဒါန်းဖွယ်ရာများဖြင့် သွားရောက်ကုသိုလ်ပြုခဲ့ကြပြီး ကော့သောင်းမြို့နယ် ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)