ကျောက်ကြီး ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၈ နာရီအချိန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲ အခမ်းအနားအား ပဲခူးရပ်ကွက် ဘော်လီဘောအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခြင်း ဘော်လီဘောအားကစားနှင့် ပိုက်ကျော်ခြင်းအားကစားများတွင် ပထမဆု၊ ဒုတိယဆု ဆုရအသင်းများအား ဆုများပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ကျောက်ကြီးမြို့နေ ဒေသခံပြည်သူများအား ပျော်ပွဲရွှင်ပွဲ တစ်ရပ်အနေဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများ ဦးဆောင်စီမံကျင်းပပေးခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲများတွင် ကျောက်ကြီးမြို့နယ် ဒေသခံပြည်သူများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)