ကော့မှူး ဖေဖော်ဝါရီ ၁၄
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုသောအားဖြင့် ဝါးဘလောက်သောက်တိုက်နယ်(အရှေ့ခြမ်း) ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲဗိုလ်လုပွဲတွင် ဝါးဘလောက်သောက်ကျေးရွာ ဘောလုံးအသင်းက ကိုးထောင်ကျေးရွာ ဘောလုံးအသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုဖလားအား ဝါးဘလောက်သောက် ကျေးရွာဘောလုံးအသင်းက ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်များတွင် ကျေးရွာများမှ အသင်း(၁၄)သင်း ပါဝင်၍ အုပ်စုပတ်လည်ကစားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆုနှင့်တတိယဆု၊ ဒုတိယဆု၊ ပထမဆုတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်၊ ဆုငွေနှင့်ဆုဖလားတို့အားချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)