နောင်မွန်း ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် လူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော အားကစားသမားများပေါ်ထွန်းလာစေရန်နှင့် လူငယ်အချင်းချင်း စည်းလုံးညီညွတ်မှုရရှိကာ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးတင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲတွင် တာဝန်ယူကိုင်တွယ်မည့် ဒိုင်အဖွဲ့ကိုယ်စား ဒိုင်ချုပ်ဦးကျော်စွာမျိုးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုအကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
အဆိုပါပြိုင်ပွဲသည် နောင်မွန်းမြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းပါဝင်ပြီး အုပ်စု (၄) အုပ်စုခွဲကာ အုပ်စုပတ်လည်စနစ်ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)