အမြို့မြို့အနယ်နယ်သတင်းများ

Feb 17,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာအုပ်စု၊ မကြောင်းဝေါကျေးရွာ၌ တောင်သူ‌နည်းပညာပေးသင်တန်းကို  ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 17,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့်သီးနှံ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာ စိုက်တောင်သူများ စိုက်ပျိုးထားသောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူ တစ်ဦးထံမှ သိရသည်။
Feb 17,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိကို ယမန်နေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။
Feb 17,2026
ပြင်ဦးလွင်မြို့နယ်သည် ခရီးသွားမြို့တော်တစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်လည်ပတ်သူပြည်သူများနှင့် စည်ကားသည့်မြို့ဖြစ်ရာပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းဝေးစွာဖြင့် သွားလာလည်ပတ်နိုင်စေရန်၊ ယာဉ်မတော်တဆမှုများကြုံတွေ့လာပါက တတ်ကျွမ်းနားလည်စွာဖြင့် ရှေးဦးသူနာပြုစုနည်းများကို အသုံးချကာအသက်ကယ်ရန် (Preserve life)၊ ထပ်မံ၍ ထိခိုက်ဒဏ်ရာမရစေရန် (Prevent further injury)၊ လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေရန် (Promote recovery)နှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရန်(Protect yourself)ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူး၍ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းသား/အသင်းသူများနှင့် ဆရာ၊ဆရာမများ စုစုပေါင်း(၂၅)ဦးအား ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Feb 17,2026
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားလူမျိုးများ ၏စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက မိုင်းလင်းကျေးရွာအုပ်စု၊ နားဟိုင်းလုံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 17,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ လမ်း၊ ၄၂×၄၃ လမ်းကြား (၃၂x၅၀)ပေရှိ RC(၃)ထပ် ဆိုလာ အင်ဗာတာလျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး (ရွှေရည် Fruit Brand) နေကာလိပ်၊ မိုးကာ၊ ဇာပြာ၊ စိုက်ပျိုးရေးပိုက်မဲနှင့်ပိုက်ဆက်ပစ္စည်း၊ ကြက်ခြံသုံးပစ္စည်းများနှင့် ရောင်းဝယ်ရေး အဆောက်အဦအား ယနေ့နံနက် ၅ နာရီ ၂၀ အချိန်က မီးလောင်းမှု ဖြစ်ပွားခဲ့သည်။
Feb 17,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ခဲ့ကြသည်။
Feb 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး အေးမြစိုစွတ်သောတောင်ပေါ်ဒေသဖြစ်ခြင်း၊ ချောင်းရေ၊ စိမ့်စမ်းရေများပေါများခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းများရိတ်သိမ်းပြီးနောက် ယခုအခါ ဆောင်းမှနွေရာသီကာလအကူးအချိန်တွင် အလုပ်အကိုင်များရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေရရှိစေရန် စိမ့်စမ်းရေထွက်တလျောက်နှင့် ချောင်းဘေးပတ်ဝန်းကျင်တလျောက်များတွင် သဘာဝအတိုင်းပေါက်ရောက်သည့် ရာသီစာဖေါ့ဖူး(ဖေါ့ပွင့်)များ လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။