အမြို့မြို့အနယ်နယ်သတင်းများ

Feb 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့မှကြီးမှူးကျင်းပသော ဝိနယာဓိကစာမေးပွဲစာအောင်လက်မှတ်နှင့် စာအောင်ဆုပေးပွဲ၊ ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနိကာယ်၊ ပါဠိပထမပြန်စာ‌မေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များအား စာ‌အောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို (၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 17,2026
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို စဉ့်ကူးမြို့ အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 17,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစုံ လျာထားစိုက်ပျိုးရာ၌ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၌ နွေစပါး ၂၄၄၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 17,2026
၂၀၂၆ ခုနှစ်၊ တရုတ်ရိုးရာ မင်္ဂလာမြင်းနှစ် နှစ်သစ်ကူးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ ယူနန်ဘုံကျောင်း၌ ကျင်းပပြုလုပ်ရာ ယနေ့နံနက် ၉ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်‌ရောက်ခဲ့ကြသည်။
Feb 17,2026
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရုံးပိတ်ရက်ရှည်၊ အလုပ်ပိတ်ရက်များဖြစ်သည်နှင့်အညီ မော်လမြိုင်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ ဘုန်းတော်ကြီးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရား ဖူးမြော်ကြည်ညိုသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Feb 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁ နာရီက မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး စစ်ဆေးအကြံပေးကြသည်။
Feb 17,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၁)ရပ်ကွက်နှင့် ကျွဲပွဲမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းနှင့် အကြံပြုခြင်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။