ကော့မှူးမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီရောင်းချ‌ပေးနေမှုနှင့် နွေစပါးစိုက်ပျိုးထားရှိမှုအား လိုက်လံစစ်ဆေး

ကော့မှူး ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိကို ယမန်နေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း    ဦး‌ဆောင်၍ မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များက ကော့မှူးမြို့နယ်အတွင်းရှိ ပုပ္ပါးကျေးရွာ၊ ‌အောက်ကျောင်းကျေးရွာ၊ ကျေးရွာများရှိ စားအုန်းဆီအရောင်းဆိုင်များအား ပြည်သူများကို စာအုန်းဆီများသတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရေး၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန် စားအုန်းဆီများအားသိုလှောင်ခြင်းမပြုလုပ်ကြရန် ပြောကြားခဲ့ပြီး ကျိုက်ထော်(တောင်)ကျေးရွာအတွင်း နွေစပါးစိုက်ပျိုးထားမှုအခြေအနေများ၊ အောက်ကျောင်းကျေးရွာအတွင်း ဆိုလာမြစ်ရေတင်စီမံကိန်းဖြင့် နွေစပါးဧက(၂၀၀)စိုက်ပျိုးနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)