ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင် ရောက်ယှဉ်ပြိုင်ပွဲနိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့၌ ခရိုင်အဆင့် အခြေခံပညာမူလတန်း အလယ်တန်းနှင့် အထက်တန်းကျောင်းမှ သင်ထောက်ကူပစ္စည်း ပြပွဲ/ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အဆင့် အခြေခံပညာမူလတန်း အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ သင်ထောက်ကူပစ္စည်းပြပွဲ/ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။

ကျန်းမာရေးအတွက်အထူးကောင်းမွန်သော ပူတာအိုဒေသထွက် အစားအစာတစ်မျိုးဖြစ် သည့် အလေး(ခေါ်)အူလိုင်

မြန်မာနိုင်ငံမြောက်ဖျားပိုင်းရေခဲတောင်များ ပတ်လည်ဝိုင်းသောတောင်ပေါ်ဒေသ၊ ကျေးဌက် သာသကာများ တွန်ကြူးကာ သစ်ပင်ပန်းမန်များစုံလင်စွာပေါက်ရောက်ရာ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ခေါင်လန်ဖူးမြို့နယ်များတွင် သဘာဝအလျောက်ပေါက်ရောက်သော ရဝမ်ဘာသာစကား ဖြင့် အလေး(ခေါ်)အူလိုင်ပင်မှရရှိသောအမှုန့်များကို ရဝမ်တိုင်းရင်းလူမျိုးများက စွဲစွဲမက်မက်တန်ဖိုး ထားကာ စာသုံးကြသော ဒေသထွက်အစားအစာတစ်မျိုးဖြစ်သည်။

ဝိုင်းမော်မြို့နယ်ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမီတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပညာရေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံး၊ အောင်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအံ့ခိုင်မှ ဆောင်ရွက်ပြီး အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။

ခေါင်လန်ဖူးမြို့၌ ပန်းခင်းစီမံချက် (၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ(၇)ရက်နေ့က အ.ထ.က(ခေါင်လန်ဖူး) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆွမ်ပရာဘွမ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးယှဉ် ပြိုင်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံး အားကစားယှဉ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်တက္ကသိုလ်တွင် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်သီတင်းပတ် အထိမ်းအမှတ် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက် နံနက်(၉)နာရီက ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက မြတ်သရဖူခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့နယ် ခုနစ်မိုင်ကျေးရွာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် ခုနစ်မိုင်ကျေးရွာ၌ ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်