ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလီဘော ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ် ဖလား အသက် (၂၅)နှစ်အောက် ကလပ်အသင်း ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဆဒုံးဒေသထွက် ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ဒေသခံပြည်သူများမှာ စားဝတ်‌နေရေးအတွက် လယ်၊ ယာ လုပ်ငန်းအား အဓိကလုပ်ကိုင်ကြရာ ဒေသခံများအနေဖြင့် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်တွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှု မရှိရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များတွင် သက်တမ်းလွန် စားသောက်ကုန် များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

တနိုင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသခံမိဘပြည်သူများ၊ ဌာနဆိုင်ရာ မိသားစုများ စားသောက်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ စက်တင်ဘာ ၅ ရက် နံနက် (၇) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြင့် ရောင်းချပေးလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် မည့် Safe City Project လုပ်ငန်းနှင့် စပ်လျဉ်း၍ Consultant Team ခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် Safe City Project လုပ်ငန်းနှင့် ပတ်သက်၍ အကြံပေး/ အရည် အသွေးစစ်ဆေးရေးအဖွဲ့ (Consultant Team) ခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည်။

မိုးညှင်းတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် လူငယ်သီတင်းပတ်(Youth Week) ဗလငါးတန် ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် မိတ္တဗလ အနေဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၇)နာရီခွဲ က မြရတနာဆောင်ရှေ့၌ စိုက်ပျိုးခဲ့ကြသည်။

ချီဖွေမြို့နယ်၌ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဒန်ဂေါ့ လမ်းကြား၌ ပြည်သူများသက်သာ ချောင်ချိရေး အတွက် အရောင်းဆိုင်များဖွင့်လှစ်၍ စက်တင်ဘာလ ၅ ရက်နေ့ နံနက် (၇) နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး ကို စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပသည်။

တနိုင်းမြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာ မူလွန်-ပုန်ခုန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် သား/ငါးများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် ကုန်ဈေးနှုန်းတည်ငြိမ်‌ရေးကို ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ သက်သာချောင်ချိရေး အတွက် ယမန်နေ့ နံနက် ၆ နာရီခွဲမှ စတင်၍ မြစ်ကြီးနားမြို့နေ ပြည်သူများအတွက် ရန်ကြီး ရပ်ကွက်ဈေး၌ သက်သာဈေး ဖွင့်လှစ်ရောင်းချပေးခဲ့သည်။
Subscribe to ကချင်ပြည်နယ်