ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလီဘော ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ် ဖလား အသက် (၂၅)နှစ်အောက် ကလပ်အသင်း ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။