ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး မြစ်ကြီးနား ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံဝင်း အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတွင်း သင်ထောက်ကူပစ္စည်း ပြပွဲ၊ ပြိုင်ပွဲကျင်းပ

ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းများ၏ သင်ထောက်ကူပစ္စည်း ပြပွဲ၊ ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ကျင်းပခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပ

လူငယ်လူရွယ်‌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို   ယမန်နေ့နံနက် ၉ နာရီအချိန်က  ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(မိုင်းနား)ရှိ ခန်းမ၌ ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က အဖွင့်အမှာစကားပြောကြားသည်။

ဝိုင်းမော်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပ

လူငယ်လူရွယ်‌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၉ ရက် နံနံက် ၉ နာရီအချိန်က  ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(မိုင်းနား)ရှိ ခန်းမ၌ ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က အဖွင့်အမှာစကားပြောကြားသည်။

မိုးမောက်မြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် “First Aid In The Digital World” အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့နေ ပြည်သူများအားသက်သာဈေးရောင်းချပေးနေမှု၊ ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားနှင့် ကချင်ပြည်နယ် ပညာရေးမိသားစုများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်တာများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဗန်းမော်မြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဗန်းမော်မြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကို ဗန်းမော်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမ၌ ယနေ့နံနက် ၈နာရီခွဲခန့်က ကျင်းခဲ့ကြောင်းသိရသည်။

ကာမိုင်းမြို့၌ စာပေချစ်သူများအသင်းဖြင့်စာဖတ်ဝိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြည်သူများအားစာပေချစ်မြတ်နိုးစေရန်၊ စာဖတ်သည့်အလေ့အထ ရရှိစေရန်နှင့် စာပေမှအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။

မချမ်းဘော မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးလာစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ်အဖြစ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ချီဖွေမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ အသက် (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးချစ်စမ်းအောင်နှင့် ဇနီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက တက်ရောက် ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်