ခေါင်လန်ဖူး စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ(၇)ရက်နေ့က အ.ထ.က(ခေါင်လန်ဖူး) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျား(၇)ဦး၊ မ(၁၃)ဦး စုစုပေါင်း(၂၀)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ထုတ်ပေးခဲ့ပြီး ကွင်းဆင်းရန် ကျန်ရှိသည့် ကျောင်များကိုလည်း ဆက်လက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ် ပြန်/ဆက်