ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

သံတောင်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ Talk Show ဆွေးနွေးပွဲကျင်းပ

လူကုန်ကူးမှုတားဆီးကာကွယ်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ဘားအံမြို့ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများတွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile စာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များအားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ ရှာဖွေဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းနှင့် စီမံကိန်းဦးစီးဌာန၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့တွင် စာအုပ်စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

ကမမောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်    ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြာပွဲ၊ Talk Show နှင့် နံရံကပ်စာစောင်ပြပွဲပြလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

သီပေါမြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယနေ့မန်နေ့ မွန်းလွှဲ (၁)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် စာအုပ်စာစောင်များ နယ်လှည့်ကွင်းဆင်း၍ အခမဲ့ ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းသို့ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ပြည်သူများ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ နယ်လှည့်ကွင်းဆင်း၍ အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်း၍ဝန်ဆောင်မှုပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းသည့်ဝန်ဆောင်မှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ ယာဉ်စည်းကမ်းလမ်းစည်းကမ်း  ”  အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ ကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ