ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြာပွဲ၊ Talk Show နှင့် နံရံကပ်စာစောင်ပြပွဲပြလုပ်

ရှမ်းရွာသစ်   စက်တင်ဘာ  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ၁၉ ရာစု နှောင်းပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဟူသည်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် ရုပ်ပိုင်းဆိုင်ရာများကို ကျောင်းသား/ သူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးအကြောင်း အရာများကို အကျယ်တဝင့် သိရှိစေရေးအတွက် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားမှုကို ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာမှတ်သားခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရှမ်းရွာသစ်မြို့နယ်မြေရဲစခန်းမှ ရဲအုပ်မြင့်ဝေနှင့်အတူ မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)