ကျိုက်ဒုံ စက်တင်ဘာ ၁၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့်ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝါဝါလင်းတို့မှ ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ ပြည်သူများ သတိပြုလိုက်နာရန်အချက်များ၊ မော်တော်ဆိုင်ကယ်အန္တရာယ် ကင်းရှင်းရေး (၁၀)ချက်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြုဆင်ခြင်ရမည့် အချက်များ၊ ဥပဒေပုဒ်မများ၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက် ထိရောက်အောင်မြင်ရေး အထောက်အကူဖြစ်စေမည့် ဦးစားပေးအစီအစဥ်များ စသည့်အကြောင်းအရာများအား အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်