မူဆယ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းသို့ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ပြည်သူများ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ နယ်လှည့်ကွင်းဆင်း၍ အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူးရရှိပုံများ ပြောပြခြင်း၊ ရုံးဖွင့်ရက်များတွင်လည်း စာအုပ်များ လာရောက်ငှားရမ်းနိုင်ကြောင်း အိမ်တွင်းမှုသင်တန်းကျောင်းရှိ သင်တန်းသူများအား ပြောပြခဲ့သည်။ ယင်းနောက် စိတ်ဝင်စားဖွယ်ကောင်းသော စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)