တန့်ယန်းမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်း၍ဝန်ဆောင်မှုပေး

တန့်ယန်း  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းသည့်ဝန်ဆောင်မှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းထွန်းကျော်နှင့် ရုံးဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သူများနှင့် စာအုပ်စာပေ လာရောက်ငှားရမ်းရန် အခက်အခဲရှိသူများအား အသိပညာဗဟုသုတရရှိစေရန်၊ သုတ/ရသ စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်သင်တန်းကျောင်းနှင့် မြို့နယ်စည်ပင်သာယာရေးဌာနများသို့ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေးသည့် ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                              

မင်းလွင်ဦး(ပြန်/ဆက်)