လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ ယာဉ်စည်းကမ်းလမ်းစည်းကမ်း  ”  အသိပညာပေးဟောပြောပွဲကျင်းပ

လိပ်သို  စက်တင်ဘာ  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ ကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါ် ကွောထူးက ယာဉ်စည်းကမ်းလမ်းစည်း ကမ်းနှင့် ခြေလျင်လျှောက်သူများလိုက်နာရန်၊ စက်ဘီးစီး သူများ လိုက်နာရန် စည်းကမ်းများအကြောင်း၊ မော်တော်ဆိုင်ကယ် စီးနင်းသူနှင့် (ကား) ယာဉ်မောင်းများ လိုက်နာရန်စည်းကမ်းများကို ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ အနှေးယာဉ် အမြန်ယာဉ် လျောက်သူများ လိုက်နာဆောင်ရွက်နိုင်ရန် စည်းကမ်းချက်များအကြောင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေဆိုင်ရာများအား  အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)