ဘားအံ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များအားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ ရှာဖွေဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းနှင့် စီမံကိန်းဦးစီးဌာန၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့တွင် စာအုပ်စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုနိုင်စေရန် စသည့် ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် သုသ/ရသ စာအုပ်စာပေ (၂၁၅) အုပ်အား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်အနေဖြင့် ကျောင်းသား/သူများအား အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းအပြင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသခံပြည်သူများအတွက် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးခြင်း ကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)