ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဘူးသီးတောင်မြို့နယ်လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့်သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုမြှင့်တင်ပေးရန် ရည်ရွယ်၍ စီစဉ်ထုတ်ဝေသည့် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ‌နေ့နံနက်(၁၀)နာရီအချိန်က အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့နေ့လည် (၁၂) နာရီအချိန်တွင် Online မှတစ်ဆင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေးလုပ်ငန်းများ လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကာယ၊ ညာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်ပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလေးများ ကာယ၊ ညာဏစွမ်း ရည်များဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့မွန်းလွဲ (၄) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၊ စုရပ်နေရာတွင် နံနက် (၉) နာရီမှ ညနေ(၄)နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား/သူများ စာအုပ်စာစောင်များ လွယ်လင့်တကူ ဖတ်ရှုနိုင်ရေးအတွက် Mobile Lbrary စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ စာအုပ်စာစောင်များ လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအား ယမန်နေ့နံနက် ၁၀ နာရီခန့်က ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းငှားရမ်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ​အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါအချက် အလက်များ Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်အတွင်းရှိ ဝန်ထမ်းများဖြင့် စုဖွဲ့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေး၍ လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ