ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ပုဏ္ဏားကျွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာကျောင်းများသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိရှိ ဦးအောင်ဆွေနှင့် ဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲအား ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အသိပညာပေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာ တန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ဘားအံခရိုင် Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်နှင့်  နေ့ထူးနေ့မြတ်များတွင် တစ်နေ့အပါအဝင်ဖြစ်သည့် (၇၅)နှစ်မြောက် လွတ်လပ်ရေး‌နေ့အကြောင်းကို ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာလိမြို့တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

လိပ်သိုမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို  ယနေ့ နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းတွင် ဖြန့်ဝေပေးခဲ့ကြသည်။

သိန္နီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးအနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က စတင် ကျင်းပခဲ့သည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိ ပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိ ပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို အောင်တပ် ရပ်ကွက် အ.ထ.က-၂ ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ