ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၃၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အသိပညာပေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာ တန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်ကစကားဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံ့တာဝန်များအား ပခုံးပြောင်းယြကြရမည့် မျိုးဆက် သစ်လူငယ်များ အတတ်ပညာ/အသိပညာ ဗဟုသုတများတိူပွားလာစေရန် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန် လိမ္မာယဉ်ကျေးသော ပြောဆိုပြုမှုဆက်ဆံမှုနှင့် ကျောင်းသား/ကျောင်းသူအချင်းချင်းရင်းနှီးချစ်ခင်စွာဖြင့် အမြင်ချင်းဖလှယ် တတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက်လူငယ်စကားဝိုင်းကို ဆက်လက်ဆွေးနွေးရာ အဆိုပါ အခြေခံပညာအထက်တန်း ကျောင်းမှ Grade -10မှ ကျောင်းသား ကျောင်းသူ (၅)ဦးမှ ပထမဦးစွာ မသံသာရှင်းသန့်က(လူငယ်နှင့်အနာဂတ်) ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး မနှင်းယမုံလင်း၊ မနန်းရတနာမွန်၊ စောထွဋ်ခေါင်ကျော်၊ စောနန္ဒစည် သူအောင်တို့မှ မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် အင်တာနက်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြောင်းခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)