တန့်ယန်း ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲအား ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ မြို့နယ်ပညာရေးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကံရှိန်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာစီစာကုံး ပြိုင်င်ပွဲတွင် (၁၁)ဦး၊ ကဗျာပြိုင်ပွဲတွင် (၂၀)ဦး၊ ပန်းချီ ပြိုင်ပွဲတွင် (၂၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)