မြောက်ဦးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မြောက်ဦး  ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို အောင်တပ် ရပ်ကွက် အ.ထ.က-၂ ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်းများ စသည့်အကြောင်းအရာများပါဝင်ကာ ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအား လွတ်လပ်ရေးနေ့ကိုမမေ့လျော့ကြစေရန်နှင့် သတင်းစကားလက်ကမ်းစာစောင်များကို လေ့လာသိရှိစေရန် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)