ကာလိ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိပြီး အလုပ်တာဝန် မအားလပ်သည့် စာဖတ်ပရိသတ်များကို စာပေဖတ်ရှု့လေ့လာစေရန် ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျ လှည့်လည် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း၊ ငှားရမ်းထားသည့် စာအုပ်များ ပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည် ငှားရမ်းသည့်စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်မှ စားငှားသူ တိုးပွားရေး၊ စာဖတ်ရှိန်မြှင့်မားရေးအတွက် ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ် ငှားရမ်းပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စာကြည့်တိုက်သို့ လာရောက်ငှားရမ်းသည့် စာပေဝါသနာရှင်များကိုလဲ သုတ၊ ရသ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)