လိပ်သို ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းတွင် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်တွင် စည်းလုံးညီညွတ်မှုကိုတည် ဆောက်၊ လွတ်လပ်ရေး၊(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်၊ စည်းလုံး ညီညွတ်စွာဆက်လက်ထိန်းသိမ်း စောင့်ရှောက်၊ လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင်၊ နိုင်ငံသားအားလုံးတွင် အပြည့်အ၀တာဝန်ရှိ စသည့်အကြောင်းအရာများပါသည့် သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများကကျောင်းသား/ကျောင်းသူလေးများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)