ရခိုင်ပြည်နယ်

မြောက်ဦးမြို့နယ်၌ မိုးစပါး(၀.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ မိုးစပါး(၁)ဧက အထွက်နှုန်း ပိုမိုထွက်ရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုးစပါး(၀.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲကို နန်းကျားကျေးရွာ၊ ကွင်းအမှတ် (၉၅၂-ဃ)၊ဦးပိုင်(၁၅၇/၁)၊ တောင်သူ ဦးထွန်းစိန်အောင်၏ လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။

မအီမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် လူရှေ့သူရှေ့တွင် စကားပြောစွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။

မအီမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် လူရှေ့သူရှေ့တွင် စကားပြောစွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက မအီမြို့၊ ဂျီဖြူတောင် ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားအုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွာဟောင်းရပ်ကွက်သို့ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒါက်ရွာရပ်ကွက်နေ ပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးသူ ပြည်သူများသို့ ယမန်နေ့ နံနက် ၉ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ ဒါက်ရွာရပ်ကွက်နေ ပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလုပ်သားများအား ရှေးဦးပြုစုစောင့်ရှောက်ခြင်းဘာသာရပ်အား ပို့ချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်လျက်ရှိသော ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းတက်ရောက် လျက်ရှိကြသော ရေလုပ်သားများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစု စောင့်ရှောက်ရေးဘာသာရပ်အား ယနေ့ နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ပို့ချပေး ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တိုင်းရင်းသားလူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ တက်ရောက်ပြီး စစ်တွေမြို့ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံ ကွန်ပျူတာသင်တန်း ဆင်းပွဲသို့ တက်ရောက်ကြပြီး စစ်တွေမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကြသည်။

မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အခမဲ့ ကပြသီဆိုဖျော်ဖြေ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ့မှ စစ်သည်၊ စစ်သမီးများပါဝင်သည့် အဆိုပါအဖွဲ့သည် ယမန်နေ့ညနေ ၇ နာရီအချိန်က မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ မြို့တော်ခန်းမ၌ အခမဲ့ ကပြသီဆိုဖျော်ဖြေ တင်ဆက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်