မြောက်ဦးမြို့နယ်၌ မိုးစပါး(၀.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်

မြောက်ဦး နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ မိုးစပါး(၁)ဧက အထွက်နှုန်း ပိုမိုထွက်ရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုးစပါး(၀.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲကို နန်းကျားကျေးရွာ၊ ကွင်းအမှတ် (၉၅၂-ဃ)၊ဦးပိုင်(၁၅၇/၁)၊ တောင်သူ ဦးထွန်းစိန်အောင်၏ လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်အေးလှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်ထက်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်ဖြိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူများက တက်ရောက်ကြည့်ရှူအားပေးသည်။

မိုးစပါးစံကွက်(၀.၁၀)ဧက ရိတ်သိမ်းရာ၌ တောင်သူ ဦးထွန်းစိန်အောင် စိုက်ပျိုးထားရှိသည့် နှံကောက်စပါးအမျိုးအစားအား စံကွက်ရိတ်သိမ်းခြင်းဖြစ်ကာ (၀.၁၀) ဧကတွင် အထွက်နှုန်းအစို (၁၂၅) တင်း၊ အခြောက် (၁၁၂.၅) တင်း ထွက်ရှိခဲ့ပြီး မြို့နယ်၏ မိုးစပါးအထွက်နှုန်း ပိုမိုတိုးတက်လာစေရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ စိုက်စနစ်မှန်ကန်စေရေးနှင့် အပင်ပြုစုခြင်းဆိုင်ရာ နည်းစနစ်များကို မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြင့်စိုး  (ပြန်/ဆက်)