မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့) ဆေးကုသပေး
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက စမုံတဲကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ အ.မ.က မူလွန်ကျောင်း၌ အခြေပြုလျက် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့) ဆေးကုသပေးခဲ့သည်။