မအီမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ

မအီ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် လူရှေ့သူရှေ့တွင် စကားပြောစွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသက်နောင်ထွန်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက လူငယ်စကားဝိုင်းအား ပူးပေါင်းကျင်းပရခြင်းအတွက် ဝမ်းမြောက်ကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးစီးမှူးဦးသက်နောင်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(ခွဲ) ဂျီဖြူတောင်ကျောင်းမှ အထက်တန်းအဆင့် Grade-10၊ Grade-11၊ Grade-12 ကျောင်းသား၊ ကျောင်းသူများက "ကျောင်းသားနှင့်ကျန်းမာရေး" "လူငယ်နှင့်ယဉ်ကျေးမှုထိန်းသိမ်းရေး" "လူငယ်နှင့်စိတ်ဓာတ်" "လူ့ကျင့်ဝတ်" "လူငယ်နှင့်စည်းလုံးခြင်းသည်အင်းအား" "လူငယ်နှင့်စကားပြောစွမ်းရည်" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.က(ခွဲ) ဂျီဖြူတောင်ကျောင်းမှ ဆရာ/တရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မအီမြို့ရုံးအနေဖြင့် လူငယ်များအတွက် အသိပညာပေးရေးဆိုင်ရာ အလားတူ လုပ်ငန်းဆောင်ရွက်ခြင်းများကို  အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ အခါအားလျော်စွာ အစဉ်တစိုက် အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မြီု့ဦးစီးမှူး ဦးသက်နောင်ထွန်းက ပြောကြားခဲ့သည်။

မောင်မောင်ဌေး (ပြန်/ဆက်)