ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားအုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ပုဏ္ဏားကျွန်း နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွာဟောင်းရပ်ကွက်သို့ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် စားအုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၈ဝိ/-နှုန်းဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် တစ်ဦးလျှင် တစ်ပိဿာနှုန်း၊ ရွာဟောင်းရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုတစ်စုကို တစ်ပိဿာနှုန်းစီ စုစုပေါင်း စားအုံးဆီ ၁၁၀၀ ပိဿာကို  လာရောက်ရောင်းချပေးခဲ့ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)