ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

မောင်တော နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့တို့မှ  မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် ဈေးရောင်းချသူများအနေဖြင့် မီးဘေးလုံခြုံရေး၊ မီးကို စနစ်တကျ သုံးစွဲကြရေး၊ မီးဘေးမပေါ့ကြစေရန်နှင့် ဈေးအတွင်း မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ် ဆေးဘူးဖြင့် စနစ်တကျဖြင့် မီးငြိမ်းသတ်မှုများ၊ ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက်  မီးချိတ် ၊ မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ ၊ မီးသတ်ဆေးဘူး များတွင် (လေပေါင်)ရှိ/မရှိ ၊ သဲအိတ်များ၊ ရေပုံး၊ ရေပိုက်ခေါင်းများ၊ မီးသတ်ဆေးဘူးများအား အလွယ်အတူ အသုံးပြုနိုင်ရန် အဆင်သင့် ဆောင်ရွက်ထားရှိရေး၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်စေရေး ၊ ရေစုကန်များ အတွင်း ရေလုံလောက်စွာ ရှိ/မရှိ ၊ အပေါ့စားရေစုပ်အား ကောင်း/မကောင်း စစ်ဆေးပြီး ဈေးအတွင်း လှည့်လည်ကြည့်ရူ စစ်ဆေးအကြုံပြုခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)