ကျောက်ဖြူမြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်အရ ဌာနဆိုင်ရာနှင့်ပြည်သူလူထု တစ်ရပ်လုံးပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်အရ အမှိုက်ကောက်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်ကစတင်ကာ ကျောက်ဖြူမြို့အဝင် Welcome to kyaukphyu ဆိုင်းဘုတ်အနီးမှ ခရိုင်လမ်းဦးစီးရုံးအထိ ပင်လယ်ကမ်းခြေ တစ်လျှောက် စုရပ်သုံးခုဖြင့် ဌာနဆိုင်ရာနှင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော အမှိုက်ကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။