မောင်တော နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က မုန်တိုင်းဘေးကြောင့် မြို့ဦးရွှေစည်းခုံ ဆံ တော်မြတ်စေတီတော်တွင် ရွှေထီးတော်တိမ်းစောင်းခဲ့မှုကြောင့် ရွှေထီးတော်အသစ် တင်လှူပူဇော်နိုင်ရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်သည့် အခမ်းအနား ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဌာနများအလိုက် ပဒေသာပင်များ ဆောင်ရွက်နိုင်ရေးနှင့် ပဒေသာပင်တစ်ပင်လျှင် ငွေကျပ် သုံးသိန်းခွဲအထက် ပဒေသာပင်များ လျာထား ဆောင်ရွက်ကြစေလိုကြောင်းနှင့် မြို့နယ်အတွင်း ကထိန်မရရှိသေးသော ဘုန်းတော်ကြီးကျောင်းများ စုပေါင်း ဘုံကထိန် ဆက်ကပ်ရန် လျာထားပါကြောင်း၊ မကြာမီ ကာလ အတွင်း ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလလူထုအားကစား လမ်းလျှောက်ပွဲ ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရမည့် အခြေအနေများကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက လုပ်ဆောင်မည့်လုပ်ငန်း တာဝန်များအား အသီးသီး တင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)