ရခိုင်ပြည်နယ်

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာနံရံကပ်စာစောင်ပြပွဲကို  ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင်ရုံး (Community Centre) ခန်းမ၌ ဝန်ထမ်းများအား အခြေခံသတင်းရေးသားတတ်စေရေန် သတင်းရေးသားနည်းသင်တန်း(၁/၂၀၂၄)ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ ဌာန၏လုပ်ငန်းတာဝန်များကို ဘက်ပေါင်းစုံမှနားလည်တတ်မြောက်စေရန်ရည်ရွယ်၍  သတင်းရေးသားနည်းသင်တန်း (၁/၂၀၂၄) ကို ယမန်နေ့ နေ့လယ်က ဖွင့်လှစ်သင်ကြားပို့ချသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ)သံတွဲမြို့နယ်ရှိ လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများအားကွင်းဆင်းစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးဝင်းမြင့်ဟန်သည် သံတွဲမြို့သို့ရောက်ရှိပြီး သံတွဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်မြတ်ဦး၊ မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးမြတ်သူတို့နှင့်အတူ ယမန်နေ့က သံတွဲမြို့နယ်အတွင်းရှိ ကျေးလက်လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများကိုကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဂွမြို့နယ်တွင် ဆေးရုံ၌အတွင်းလူနာအဖြစ် ဆေးကုသခံယူနေသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ကြေးငွေ ပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့၊ နေ့လယ်ပိုင်းတွင် ဆေးရုံ၌ ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းအတွက် ဒေသတွင်းအခြေခံလျှပ်စစ်ပညာသင်တန်း ကျောက်ဖြူမြို့၌ ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ လုပ်ငန်းစီမံကိန်းအတွက် ကျွမ်းကျင်မှုလုပ်သား Skill Labour များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဒေသတွင်းအခြေခံလျှပ်စစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမတွင် ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ဆက်လက်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၉၃)ဦးမှ ဖြေဆို

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၁)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၉၃)ဦးမှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား တည်ငြိမ်အေးချမ်းစွာ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာစာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများတည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊သူ ၁၁၉၂ ဦး ဆက်လက်ဖြေဆို

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ ၁၁၉၂ ဦးမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိ ရသည်။

သံတွဲမြို့နယ်ရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆို

တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်