ဂွမြို့နယ်တွင် ဆေးရုံ၌အတွင်းလူနာအဖြစ် ဆေးကုသခံယူနေသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ကြေးငွေ ပေးအပ်

ဂွ မတ် ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့၊ နေ့လယ်ပိုင်းတွင် ဆေးရုံ၌ ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(ဂွ)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုရမည့် ကျောင်းသူတစ်ဦးသည် ဆီးချိုရောဂါအဆင့်-(၁)ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် မတ်လ(၁၀)ရက်နေ့မှ စတင်ကာ ဆေးကုသမှုခံယူနေရပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အဆိုပါဆေးရုံ၌သာ ဖြေဆိုနေရသောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်