မောင်တော မတ် ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာစာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများတည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိ ကျောင်သား၊ကျောင်းသူ ၄၆၁ ဦးနှင့် (တောင်ပြိုလက်ဝဲ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန) အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ ၉၃ ဦးရှိပြီး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၅၅၄ ဦးရှိသည်။ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား မောင်တောမြို့နယ်အတွင်းဝင်ရောက်ဖြေဆိုသူ ၃၉၄ ဦးရှိသဖြင့် ပျက်ကွက်မှာ ၁၆၀ ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၇၁ ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ ၂၉ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်( ပြန်/ဆက်)