တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊သူ ၁၁၉၂ ဦး ဆက်လက်ဖြေဆို

တောင်ကုတ် မတ်  ၁၂

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ ၁၁၉၂ ဦးမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအဖြစ် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၄)နှင့် အ.ထ.က (ရွာမ)တို့တွင် စာစစ်ဌာနများဖွင့်လှစ်၍ ကျင်းပလျက်ရှိပြီး ဖြေဆိုရန်စာရင်းရှိ ၁၃၀၅ ဦးရှိသည့်အနက် ၁၁၉၂ ဦး ဝင်ရောက်ဖြေဆိုခဲ့သည့်အတွက် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၁.၃၄ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်၊

တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်