ကျောက်ဖြူခရိုင်ရုံး (Community Centre) ခန်းမ၌ ဝန်ထမ်းများအား အခြေခံသတင်းရေးသားတတ်စေရေန် သတင်းရေးသားနည်းသင်တန်း(၁/၂၀၂၄)ဖွင့်လှစ်

ကျောက်ဖြူ မတ် ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ ဌာန၏လုပ်ငန်းတာဝန်များကို ဘက်ပေါင်းစုံမှနားလည်တတ်မြောက်စေရန်ရည်ရွယ်၍  သတင်းရေးသားနည်းသင်တန်း (၁/၂၀၂၄) ကို ယမန်နေ့ နေ့လယ်က ဖွင့်လှစ်သင်ကြားပို့ချသည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် သတင်းကဏ္ဍကိုသိရှိစေရန်၊ ဒေသဖွံ့ဖြိုးရေးသတင်းများ ကိုယ်တိုင်ရေးသားတတ်စေရန်နှင့် ဝန်ထမ်းများစွမ်းရည်မြှင့်မားစေရန်ရည်ရွယ်ပြီး သတင်းရေးသားနည်းသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးတင်ထွန်းဦးနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးဖြိုးဝေလင်းတို့က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှထုတ်ဝေသည့် သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်း မှတ်စုစာအုပ်မှ သတင်းထုတ်ပြန်ချက်နှင့် သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များကို အသီးသီး ပို့ချပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို ကျောက်ဖြူခရိုင်ရုံးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ၁၂-၃-၂၀၂၄ ရက်နေ့မှ ၁၄-၃-၂၀၂၄ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)