ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ)သံတွဲမြို့နယ်ရှိ လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများအားကွင်းဆင်းစစ်ဆေး

သံတွဲ  မတ် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးဝင်းမြင့်ဟန်သည် သံတွဲမြို့သို့ရောက်ရှိပြီး သံတွဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်မြတ်ဦး၊ မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးမြတ်သူတို့နှင့်အတူ ယမန်နေ့က သံတွဲမြို့နယ်အတွင်းရှိ ကျေးလက်လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများကိုကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်နယ်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ(၁၀၀.၅၅၆)ကျပ်သန်းဖြင့်Rakan World ကုမ္ပဏီမှ ၁၀၀% ဆောင်ရွက်ပြီးဖြစ်သော ဘိုကလေး-လှေကြီးချိုင် ကျေးရွာချင်းဆက်လမ်း အရှည်(၁၂၀၀)မီတာ၊ အကျယ် ၃.၆၆)မီတာ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအားကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ (၁၈၉.၉၈)ကျပ်သန်းဖြင့် သံတွဲမြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မောင်ရွှေလေး-ကျေးရွာချင်းလမ်း အရှည် (၇၃၂ မီတာ)၊ အရှည် (၃.၆၆မီတာ)ကွန်ကရစ်ခင်း၍ အမာခံ လမ်းပုခုံးခင်းကြိတ်ခြင်းလုပ်ငန်း ၁၀၀% ပြီးစီးနေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ (၄၂.၅) ကျပ်သန်းဖြင့် သံတွဲမြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရှည်(၁.၅၂မီတာ) သံကူကွန်ကရစ်တံတား(၅)စင်း တည်ဆောက်ခြင်းလုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)