သံတွဲ ဇန်နဝါရီ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commynity Centre)တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ (၃၀)မိနစ်အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိရန်ကြိုးပမ်းခဲ့ကြပုံများနှင့် လွတ်လပ်ရေးကိုကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ၎င်းနောက် စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ နာယက ဦးမြင့်စိုး (အကဲဖြတ်ဒိုင်)က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ သံတွဲမြို့နယ်အတွင်းရှိ အ-ထ-က(၁)၊ အ-ထ-က(၂) ၊ အထကခွဲ(မြို့မ)၊ အ-ထ-က(ခွဲ) (င/ကျော်တောင်)၊ အ-ထ-က(ခွဲ)(လင်းသာ)၊ အ-ထ-က(ငပလီ) နှင့် အ-ထ-က(ကင်းမော်) ကျောင်းများမှ ကျောင်းသား / ကျောင်းသူ (၃၇) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဇန်နဝါရီ(၄)ရက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာကြည်