ငပလီ ဇန်နဝါရီ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ Grade - 5 ကျောင်းသား/ သူများအား တတိယအကြိမ် ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ အခြေခံပညာမူလတန်းကျောင်း(ငပလီ)၌ စုရပ်ထားကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံရာတွင် အမက(မူလွန်)ဇီးဖြူကုန်းနှင့် ငပလီ၊ မဇင်၊ မှိုဟင်းပြင်၊ စပါးကြီး၊ ဂေါ့ စသည့် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ Grade - 5 ကျောင်းသား ၊ ကျောင်းသူ(၅၂) ဦးသို့ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)