ဂွမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဂွ ဇန်နဝါရီ ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်ကထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့၊ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အ-ထ-က(ဂွမြို့)ရှိ ကျောင်းသား/ ကျောင်းသူများ၊ ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ်ရန်ရောက်ရှိလာသည့် ကျောင်းသား/ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင်ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၄.၁.၂၀၂၂) ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ စည်းလုံးညီညွတ်စွာဆက်လက်ထိန်းသိမ်းစောင့်ရှောက် စသည့် လွတ်လပ်ရေး၏အနှစ်သာရ စာပေအနှစ်ချုပ်၊ မြင်းမူမောင်နိုင်မိုးရေးသားသည့် လွတ်လပ်ရေးပန်းမို့မနွမ်းစေချင်ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စသည့်တို့ပါဝင်သည့် လက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများမား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ရွှေရည်ဝင်းကျော်