တောင်ကုတ် ဇန်နဝါရီ ၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မြို့မအားကစားကွင်းအတွင်း ကျင်းပသည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများနေရာယူပြီးနောက် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးဇာနည်တိုးက အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်များရွတ်ဆိုကြပြီးနောက် ပြိုင်ပွဲများအဖြစ် ကျောင်းပေါင်းစုံ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဂျပန်ဂိုးကျဉ်းပြိုင်ပွဲများ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲများအဖြစ် အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ ဂျပန်ဂိုးကျဉ်းပြိုင်ပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်