ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်အတွင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ  ၃၁၇  ဦး လွတ်မြောက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ် ၁/ ၂၀၂၃ ဖြင့် ယမန်နေ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ  အကျဉ်းသား၊ အကျဉ်းသူ ၃၁၇ ဦးလွတ်မြောက်ကြောင်း သိရသည်။

ကျိန္တလီမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၂၀၂၃ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အ.ထ.က ကျောင်းနှင့်ကျောင်းရှေ့ဘော်လုံးကွင်းတွင် ကျင်းပလျက်ရှိသည်။

ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ(၂၄)  ဦး လွှတ်ပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်တွင် ပစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူ (၂၄)ဦးအား နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောက်ဖြူမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဆုပေးပွဲအခမ်းနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။

ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား (၂၉) ဦး လွှတ်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား (၂၉) ဦး လွှတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွှဲ (၁) နာရီခွဲအချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သည်။

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော် တော်ဆိုင်ကယ် များအား One Stop Service (OSS) ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် ဆိုင်ကယ်၊ မော်တော်ယဉ်များ သက်တမ်းတိုးဆောင်ရွက်ခြင်းကို အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့်  ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့်  ကာယ/ဉာဏ စွမ်းရည် ပြိုင်ပွဲများ ယမန်နေ့နံနက် ၁၀ နာရီက သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘူးသီးတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့တွင် ဒေသဖွံ့ဖြိုးရေးနှင့် ဌာနဆိုင်ရာများ၏ ရုံးများအတွင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ဇန်နဝါရီ ၃ ရက်နေ့နံနက်ပိုင်းက မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မြောက်ဦးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက် (၂၀)အောက် ဖူဆယ်ဘောလုံးပြိုင်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသက် (၂၀) အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အားစကားပြိုင်ပွဲများဆုပေးပွဲအခမ်းအနားကို ကုသည်တန်းရပ်ကွက် နန်းတော်ရာကုန်းဘေး ဘောလုံးကွင်းဟောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
Subscribe to ရခိုင်ပြည်နယ်