ဘူးသီးတောင် ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား (၂၉) ဦး လွှတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွှဲ (၁) နာရီခွဲအချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ကျော်ကျော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဇံတို့က လွတ်မြောက်လာသော အကျဉ်းသားများအား ဆုံးမသြဝါဒစကား ပြောကြားသည်။
ထို့နောက် ဘူးသီးတောင်အကျဉ်းထောင်မှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးလှိုင်က အမှာစကားပြောကြားပြီး လွှတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအား ထောင်ထွက်လက်မှတ်နှင့် စားစရိတ်/ ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိသည်။
လှကျော်(ပြန်/ဆက်)